Our Videos
"မြန်မာ စကားပုံများ"
ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့နဲ့ မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းဖို့ အရေးကြီးတဲ့ အမွေအနှစ်တွေဖြစ်တာကြောင့် ဇာတ်လမ်း Z-Lann ရဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်တဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ မြန်မာနိုင်ငံဒေသအတွင်း ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ စကားပုံများရဲ့ အကြောင်းအရာ၊ အဓိပ္ပာယ်တွေကို ဇာတ်လမ်းပရိသတ်ကြီး ဗဟုသုတရရှိစေဖို့အတွက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
"ရာဇ၀င်ထဲက မီယွဲ့ဧကရီ -မြန်မာ အသံ ဇာတ်လမ်းတွဲ"
လောကကြီးကိုပြောင်းလဲမဲ့ အတိတ်နိမိတ်တွေနဲ့အတူ ချူနိုင်ငံမှာမွေးဖွားလာခဲ့ပေမဲ့ ချူဘုရင်မကြောင့် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အပြင် အချစ်ဦးနဲ့လည်းကွဲကွာခဲ့ရပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် ချင်နိုင်ငံဆီကို ကိုယ်လုပ်တော်အဖြစ် စေလွှတ်ခံခဲ့ရတဲ့ မင်းသမီးငယ်လေး မီယွဲ့…။👸🏻 ချင်နိုင်ငံကိုရောက်ရှိပြီးနောက်မှာလည်း မောင်းမမိဿံတွေဆီက မနာလိုတိုက်ခိုက်မှုတွေကိုရရှိခဲ့ပြီး ရှုပ်ထွေးပွေလီလွန်းလှတဲ့ နန်းတွင်းအရှုပ်တော်ပုံကိစ္စတွေအကြားမှာ ခက်ခက်ခဲခဲရင်ဆိုင်ရှင်သန်ခဲ့ရသူ မီယွဲ့… ။👸🏻 ပျက်သုဉ်းလုနီးပါးဖြစ်နေတဲ့ ချင်နိုင်ငံတော်ကြီးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်လည်စုစည်းအုပ်ချုပ်ပြီး သားဖြစ်သူကို ရှင်ဘုရင်အဖြစ် ထီးနန်းပေးခဲ့တာကြောင့် သမိုင်းတစ်လျှောက်မှာ ပထမဆုံး ဘုရင့်မယ်တော်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မီယွဲ့ရဲ့ဘ၀ဇာတ်ကြောင်းကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်မာစွာနဲ့ ပုံဖော်ထားတဲ့ “ရာဇဝင်ထဲက မီယွဲ့ဧကရီ” ဇာတ်လမ်းတွဲကို အပတ်စဥ် တနင်္လာနေ့ မှ သောကြာနေ့ တိုင်း ဇာတ်လမ်း ၏ YouTube Podcast မှ တဆင့် ညစဥ် ၇နာရီ တိုင်း ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ။