အရှင်သာရိပုတ္တရာနှင့် မိခင်ဟောင်းတစ္ဆေမကြီး (ညမကြည့်ရ)

17 May, 2026

“အတိတ်ဘဝက ငါ့သားထံ ငါလာသည်။ ငါ့အား ဝင်ခွင့်ပေးပါ” အရှင်သာရိပုတ္တရာ၏ ရှေးဘဝဟောင်းတစ်ခုက သားအမိတော်စပ်ခဲ့ဖူးတဲ့ မိခင်ဟောင်းပြိတ္တာမကြီး၊ လူ့ဘဝက ချမ်းသာကြွယ်ဝစွာနေထိုင်ခဲ့ရသော်လည်း ကုသိုလ်ကောင်းမှု ပေးကမ်းလှူဒါန်းခြင်းကိုမပြု သူဆင်းရဲများအပေါ် ရိုင်းရိုင်းပျပျ ဆဲရေးတိုင်းထွာမိတာကြောင့် စားချင်လျက်နှင့်မစားရ၊ သောက်ချင်လျက်နှင့် မသောက်ရသည့် ဆာလောင်သည့်ဝေဒနာ အပြင်းအထန်ခံစားနေရတဲ့ ပြိတ္တာမကြီးဘဝသို့ကျရောက်ရတဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann မှတင်ဆက်သည့် “ဗုဒ္ဓခေတ်သရဲတစ္ဆေများ” အစီအစဉ်မှာ စုံလင်စွာတင်ဆက်ပေးထားတာဖြစ်လို့ နားဆင်ခံစားအားပေးနိုင်ပါပြီ။