ကိုယ့်ဘဝကို ချီးမွမ်းဂုဏ်ပြုလေလေ၊ ကိုယ့်ဘဝမှာ ဂုဏ်ပြုစရာကိစ္စတွေ ပိုများလေလေပါပဲ – အော်ပရာ ဝင်းဖရေး

မီဒီယာနယ်ပယ်ပိုင်းမှာရော၊ စာပေလောကမှာပါ မသိသူမရှိလောက်အောင် ကျော်ကြားထင်ရှားတဲ့သူတွေထဲမှာ ရုပ်သံအစီအစဉ်တွေရဲ့ ဘုရင်မအဖြစ်သတ်မှတ်ခံထားရတဲ့ အော်ပရာဝင်းဖရေးက မပါမဖြစ်ပါပဲ။ သူမဟာ အစီအစဉ်တင်ဆက်သူအဖြစ်နဲ့သာမက ရုပ်ရှင်ထုတ်လုပ်သူ၊ စာရေးဆရာမ ၊ သရုပ်ဆောင်နဲ့ ပရဟိတသမား အဖြစ်နဲ့ပါ ကျင်လည်လှုပ်ရှားလျက်ရှိတဲ့သူဖြစ်ပြီး ဩဇာတိက္ကမအကြီးမားဆုံးအမျိုးသမီးတစ်ဦး အနေနဲ့လည်း သတ်မှတ်ခံထားရပါတယ်။ လက်ရှိအချိန်မှာ သူမရဲ့ ချမ်းသာကြွယ်၀မှုအတိုင်းအတာက ဘီလီယံနဲ့ချီပြီး ရှိနေတယ်ဆိုပေမဲ့ ငယ်စဉ် ဘ၀တုန်းကတည်းက သူမဟာ အလွန်တရာကို ခက်ခဲကြမ်းတမ်းလွန်းလှတဲ့ လောကဓံရိုက်ချက်တွေကို ရင်ဆိုင်ခံစားခဲ့ရသူ ဖြစ်ပါတယ်။ အော်ပရာ ဝင်းဖရေးဟာ သူမရဲ့ပထမဆုံးတီဗီအစီအစဉ်တင်ဆက်သူအလုပ် ကနေ တီဗီနဲ့မဆံ့ဘူး၊ အရမ်းဝတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်ထုတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အလုပ်ခွင် တီဗီပရိုဂရမ်တစ်ခုမှာ သူမဟာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်အကြမ်းမှုတွေကို ခံစားခဲ့ရပါတယ်။ သူမရဲ့ဘဝဟာ အခက်အခဲတွေအပြည့်နဲ့ ပြည့်နှက်နေခဲ့ပေမယ့် သူမဟာ စိတ်ဓာတ်မကျခဲ့၊ လက်မလျှော့ခဲ့ တာကြောင့်အခုဆိုရင် သူမဟာ တီဗီအစီအစဉ်တွေရဲ့ဘုရင်မတစ်ဆူ၊ ရုပ်သံစကားပြော အစီအစဉ်တွေရဲ့ စံနမူနာ လူတစ်ယောက်ဖြစ်လာပြီး Forbes စီးပွားရေးမဂ္ဂဇင်းရဲ့ သုံးသပ်ချက်အရ သူမရဲ့ပိုင်ဆိုင်မှုကဒေါ်လာ၂.၉ ဘီလီယံရှိပါတယ်။ သူမအခုလိုအောင်မြင်တာဟာ အဖွားရဲ့အားပေးမှုတွေကြောင့်လို့ ဝင်းဖရေးက ပြောပါတယ်။ “အဖွားက ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ဖို့ ကျွန်မကို သင်ပေးခဲ့တယ်”လို့ပြောခဲ့ပါတယ်။ ဒီနေ့ Z-Lannရဲ့ “ အဆိုအမိန့်ထုံး နှလုံးမူ “ အစီအစဉ်ကနေ “ကိုယ့်ဘဝကို ချီးမွမ်းဂုဏ်ပြုလေလေ၊ ကိုယ့်ဘဝမှာ ဂုဏ်ပြုစရာကိစ္စတွေ ပိုများလေလေပါပဲ “လို့ဆိုခဲ့တဲ့ အခက်အခဲတွေဘယ်လောက်ကြုံခဲ့ရပါစေ အကောင်းမြင်စိတ်အပြည့်နဲ့‌‌ဘဝကိုရှေ့ဆက်လျှောက်ခဲ့တဲ့ အတုလေးစားစရာကောင်းတဲ့ အော်ပရာဝင်းဖရေးရဲ့ အဆိုအမိန့်တွေထဲကတစ်ခုကို ဇာတ်လမ်းပရိသတ်ကြီး အတွက် ထုတ်နှုတ်တင်ဆက်ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။

“မနေ့ကနေ သင်ယူပါ၊ ဒီနေ့အတွက် ရှင်သန်ပါ၊ မနက်ဖြန်အတွက် မျှော်လင့်ချက်ထားပါ” – Albert Einstein

၂၀ ရာစုခေတ်ရဲ့ ဉာဏ်ပညာအကြီးမားဆုံးသူအဖြစ် သတ်မှတ်ခံထားရတဲ့ အိုင်းစတိုင်းဟာ ငယ်စဉ်က တစ်ယောက်တည်း တွေးနေ၊ ငေးနေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး စကားပြောတဲ့ အခါမှာလည်း အလွန်နှေးကွေးလွန်းတာကြောင့် ဝါကျတစ်ကြောင်းတောင် ဆုံးအောင်ပြောဖို့အတွက် အခက်အခဲရှိခဲ့သူပါ။ မူလတန်းအရွယ်ကို စတင်တက်ရောက်တဲ့ အချိန်မှာလည်း ဉာဏ်ရည်ထုံထိုင်းတဲ့ ကလေးတစ်ယောက်အဖြစ် ဆရာမတွေရဲ့ မှတ်ချက်ပေးခြင်းကိုခံခဲ့ရပါတယ်။

ကိုယ့်ဘဝအတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်ချမှတ်လိုက်နာပါ– J.K. Rowling

ခေတ်အဆက်ဆက် ပေါ်ပေါက်လာခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေဟာ သူတို့တွေ့ကြုံလာကြတဲ့ အတွေ့အကြုံကို မှတ်သားစရာအဆိုအမိန့်အဖြစ် ချန်ထားခဲ့လေ့ရှိပါတယ်။

“ရာဇဝင်ထဲက မီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်း အပိုင်း (၃)

မင်းသမီးလေးက နန်းဆောင်ထဲကနေ ရုတ်တရက် ပျောက်သွားတဲ့အခါမှာတော့ နန်းတွင်းတစ်ခုလုံး ပွက်လောရိုက်ကုန်ကြပါပြီ။ မိခင်ရင်းဖြစ်တဲ့ မောင်းမတော်ရှန့်တစ်ယောက်ကသာ မင်းသမီးလေးရှိတဲ့နေရာကိုမှန်းဆနိုင်ကာ ထွက်သွားရှာဖွေနေချိန်မှာ မင်းသမီးလေးကိုရော ပြန်တွေ့နိုင်ပါ့မလားဆိုတာကတော့ မရေရာပါဘူး။ သူတို့ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့အဖြေရှာနိုင်ဖို့ မီယွဲ့အသံဇာတ်လမ်းတွဲ အပိုင်း(၃) ကို အဆုံးထိနားဆင်လိုက်ကြပါဦး ပရိတ်သတ်ကြီးရေ။

“ရာဇဝင်ထဲက မီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်း အပိုင်း (၂)

မွေးဖွားလာတာကသမီးတော်လေးဖြစ်နေတာကြောင့် ချူဘုရင်ကတော့ စိတ်ပျက်သွားခဲ့ရပါပြီ။ နမိတ်ဖတ်ပေးခဲ့တဲ့ အမတ်ကြီးလည်း အမျက်တော်ရှခံခဲ့ရပြီဖြစ်ပြီး မင်းသမီးလေးကိုဖွားမြင်ခဲ့တဲ့ မောင်းမတော်ရှန့်ကတော့ ဘယ်လိုကံကြမ္မာတွေရင်ဆိုင်ရတော့မယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ အဆုံးထိသိချင်တယ်ဆိုရင်တော့ မီယွဲ့ ဧကရီ မြန်မာဘာသာပြန် အသံဇာတ်လမ်း ရဲ့ အပိုင်း(၂) မှာ အဆုံးထိ နားဆင်ကြည့်လိုက်ရအောင် ပရိတ်သတ်ကြီးရေ…

“ရာဇဝင်ထဲက မီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်း အပိုင်း (၁)

လောကကြီးကိုပြောင်းလဲမဲ့ အတိတ်နိမိတ်တွေနဲ့အတူ ချူနိုင်ငံမှာမွေးဖွားလာခဲ့ပေမဲ့ ချူဘုရင်မကြောင့် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အပြင် အချစ်ဦးနဲ့လည်းကွဲကွာခဲ့ရပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် ချင်နိုင်ငံဆီကို ကိုယ်လုပ်တော်အဖြစ် စေလွှတ်ခံခဲ့ရတဲ့ မင်းသမီးငယ်လေး မီယွဲ့အဖြစ်ကနေ သမိုင်းတစ်လျှောက်မှာ ပထမဆုံး ဘုရင့်မယ်တော်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မီယွဲ့ရဲ့ဘ၀ဇာတ်ကြောင်းအစုံအလင်ကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်မာစွာနဲ့ ပုံဖော်ထားတဲ့ “ရာဇ၀င်ထဲကမီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်းတွဲကြီးကို ဇာတ်လမ်း Z-Lann Podcast ကနေတစ်ဆင့် နားဆင်ခံစားနိုင်ပါပြီ။