ပါးစပ်ရာဇဝင် တို့၏ ဒဏ္ဍာရီ
ပါးစပ်ရာဇဝင် တို့၏ ဒဏ္ဍာရီ
အရှင်သာရိပုတ္တရာနှင့် မိခင်ဟောင်းတစ္ဆေမကြီး (ညမကြည့်ရ)
“အတိတ်ဘဝက ငါ့သားထံ ငါလာသည်။ ငါ့အား ဝင်ခွင့်ပေးပါ” အရှင်သာရိပုတ္တရာ၏ ရှေးဘဝဟောင်းတစ်ခုက သားအမိတော်စပ်ခဲ့ဖူးတဲ့ မိခင်ဟောင်းပြိတ္တာမကြီး၊ လူ့ဘဝက ချမ်းသာကြွယ်ဝစွာနေထိုင်ခဲ့ရသော်လည်း ကုသိုလ်ကောင်းမှု ပေးကမ်းလှူဒါန်းခြင်းကိုမပြု သူဆင်းရဲများအပေါ် ရိုင်းရိုင်းပျပျ ဆဲရေးတိုင်းထွာမိတာကြောင့် စားချင်လျက်နှင့်မစားရ၊ သောက်ချင်လျက်နှင့် မသောက်ရသည့် ဆာလောင်သည့်ဝေဒနာ အပြင်းအထန်ခံစားနေရတဲ့ ပြိတ္တာမကြီးဘဝသို့ကျရောက်ရတဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann မှတင်ဆက်သည့် “ဗုဒ္ဓခေတ်သရဲတစ္ဆေများ” အစီအစဉ်မှာ စုံလင်စွာတင်ဆက်ပေးထားတာဖြစ်လို့ နားဆင်ခံစားအားပေးနိုင်ပါပြီ။
ရှေးမြန်မာကျမ်းတွေမှာ မှတ်တမ်းတင်ဖော်ပြခြင်းခံခဲ့ရတဲ့ ညံသတ္တဝါ
ရှေးမြန်မာကျမ်းတွေမှာလဲတွေ့ရပြီး အနောက်နိုင်ငံရဲ့စာပေတွေမှာလဲ ဖော်ပြခံရတဲ့ ဒီ ညံသတ္တဝါဟာ ဒဏ္ဍာရီလာ ရေသတ္တဝါတစ်ကောင်လား ဒါမှမဟုတ် အမှန်တကယ်ပဲတည်ရှိတဲ့တိရစ္ဆာန်မျိုးစိတ်တစ်ခုလား? ဒီဘက်ခေတ်တွေမှာ ညံကောင်နဲ့ပတ်သက်လို့ တွေ့မြင်တယ်လို့ ပြောဆိုသူမရှိကြပေမဲ့ ၁၉ ရာစု မှာတော့ အရှေ့တိုင်းသာမက အနောက်တိုင်းမှာပါ ညံသတ္တဝါအကြောင်းကို ပြောဆိုမှု အများအပြားရှိခဲ့ပါတယ်။ ညံသတ္တဝါဆန်းကို ရှေးခေတ် ပင်လယ်သမုဒ္ဒရာထဲမှာ နေထိုင်တဲ့ ကြောက်စရာသတ္တဝါအဖြစ် ဖော်ပြကြပါတယ်။ အစောပိုင်းကာလတွေမှာ ညံဟာ ရေဘဝဲတွေလို...
သာယာညင်းပျောင်းသော အသံရှိတဲ့ ကရဝိက်ငှက်
မြန်မာကျမ်းဂန်၊ ပါဠိစာပေကျမ်းဂန်တို့မှာ အထင်အရှားပြဆိုထားလေ့ရှိတဲ့ ကရဝိက်ငှက်ကို ပါဠိလို “ကရဝီက”လို့ ခေါ်ပါတယ်။ ကရဝိက်ငှက်ရဲ့ အသံသာယာပုံကို ပျို့၊ ကဗျာ၊ လင်္ကာ၊ တေးဂီတသီချင်းတွေမှာ ဖော်ပြလေ့ရှိတာကို မကြာခဏ မြင်တွေ့ရပါတယ်။ အဘိဓာန် ဋီကာဆရာကလည်း “မြတ်စွာဘုရားရှင်၏ အသံတော်သည် ကရဝိက်ငှက်ရဲ့အသံနဲ့ တူလှပေတယ်”ဟု ပါဠိအက္ခရာနဲ့ ဥပမာ ပေးဖွင့်ဆိုချီးမွမ်းဖူးပါတယ်။