ရာဇ၀င်ထဲက မီယွဲ့ဧကရီ - မြန်မာ အသံ ဇာတ်လမ်းတွဲ
လောကကြီးကိုပြောင်းလဲမဲ့ အတိတ်နိမိတ်တွေနဲ့အတူ ချူနိုင်ငံမှာမွေးဖွားလာခဲ့ပေမဲ့ ချူဘုရင်မကြောင့် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အပြင် အချစ်ဦးနဲ့လည်းကွဲကွာခဲ့ရပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် ချင်နိုင်ငံဆီကို ကိုယ်လုပ်တော်အဖြစ် စေလွှတ်ခံခဲ့ရတဲ့ မင်းသမီးငယ်လေး မီယွဲ့…။👸🏻
ချင်နိုင်ငံကိုရောက်ရှိပြီးနောက်မှာလည်း မောင်းမမိဿံတွေဆီက မနာလိုတိုက်ခိုက်မှုတွေကိုရရှိခဲ့ပြီး ရှုပ်ထွေးပွေလီလွန်းလှတဲ့ နန်းတွင်းအရှုပ်တော်ပုံကိစ္စတွေအကြားမှာ ခက်ခက်ခဲခဲရင်ဆိုင်ရှင်သန်ခဲ့ရသူ မီယွဲ့… ။👸🏻
ပျက်သုဉ်းလုနီးပါးဖြစ်နေတဲ့ ချင်နိုင်ငံတော်ကြီးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်လည်စုစည်းအုပ်ချုပ်ပြီး သားဖြစ်သူကို ရှင်ဘုရင်အဖြစ် ထီးနန်းပေးခဲ့တာကြောင့် သမိုင်းတစ်လျှောက်မှာ ပထမဆုံး ဘုရင့်မယ်တော်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မီယွဲ့ရဲ့ဘ၀ဇာတ်ကြောင်းကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်မာစွာနဲ့ ပုံဖော်ထားတဲ့ “ရာဇဝင်ထဲက မီယွဲ့ဧကရီ” ဇာတ်လမ်းတွဲကို အပတ်စဥ် တနင်္လာနေ့ မှ သောကြာနေ့ တိုင်း ဇာတ်လမ်း ၏ YouTube Podcast မှ တဆင့် ညစဥ် ၇နာရီ တိုင်း ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ။
“ရာဇဝင်ထဲက မီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်း အပိုင်း (၃)
မင်းသမီးလေးက နန်းဆောင်ထဲကနေ ရုတ်တရက် ပျောက်သွားတဲ့အခါမှာတော့ နန်းတွင်းတစ်ခုလုံး ပွက်လောရိုက်ကုန်ကြပါပြီ။ မိခင်ရင်းဖြစ်တဲ့ မောင်းမတော်ရှန့်တစ်ယောက်ကသာ မင်းသမီးလေးရှိတဲ့နေရာကိုမှန်းဆနိုင်ကာ ထွက်သွားရှာဖွေနေချိန်မှာ မင်းသမီးလေးကိုရော ပြန်တွေ့နိုင်ပါ့မလားဆိုတာကတော့ မရေရာပါဘူး။ သူတို့ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့အဖြေရှာနိုင်ဖို့ မီယွဲ့အသံဇာတ်လမ်းတွဲ အပိုင်း(၃) ကို အဆုံးထိနားဆင်လိုက်ကြပါဦး ပရိတ်သတ်ကြီးရေ။
“ရာဇဝင်ထဲက မီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်း အပိုင်း (၂)
မွေးဖွားလာတာကသမီးတော်လေးဖြစ်နေတာကြောင့် ချူဘုရင်ကတော့ စိတ်ပျက်သွားခဲ့ရပါပြီ။ နမိတ်ဖတ်ပေးခဲ့တဲ့ အမတ်ကြီးလည်း အမျက်တော်ရှခံခဲ့ရပြီဖြစ်ပြီး မင်းသမီးလေးကိုဖွားမြင်ခဲ့တဲ့ မောင်းမတော်ရှန့်ကတော့ ဘယ်လိုကံကြမ္မာတွေရင်ဆိုင်ရတော့မယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ အဆုံးထိသိချင်တယ်ဆိုရင်တော့ မီယွဲ့ ဧကရီ မြန်မာဘာသာပြန် အသံဇာတ်လမ်း ရဲ့ အပိုင်း(၂) မှာ အဆုံးထိ နားဆင်ကြည့်လိုက်ရအောင် ပရိတ်သတ်ကြီးရေ…
“ရာဇဝင်ထဲက မီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်း အပိုင်း (၁)
လောကကြီးကိုပြောင်းလဲမဲ့ အတိတ်နိမိတ်တွေနဲ့အတူ ချူနိုင်ငံမှာမွေးဖွားလာခဲ့ပေမဲ့ ချူဘုရင်မကြောင့် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အပြင် အချစ်ဦးနဲ့လည်းကွဲကွာခဲ့ရပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် ချင်နိုင်ငံဆီကို ကိုယ်လုပ်တော်အဖြစ် စေလွှတ်ခံခဲ့ရတဲ့ မင်းသမီးငယ်လေး မီယွဲ့အဖြစ်ကနေ သမိုင်းတစ်လျှောက်မှာ ပထမဆုံး ဘုရင့်မယ်တော်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မီယွဲ့ရဲ့ဘ၀ဇာတ်ကြောင်းအစုံအလင်ကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်မာစွာနဲ့ ပုံဖော်ထားတဲ့ “ရာဇ၀င်ထဲကမီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်းတွဲကြီးကို ဇာတ်လမ်း Z-Lann Podcast ကနေတစ်ဆင့်...