အဆိုအမိန့်ထုံး နှလုံးမူ
Z-Lann ရဲ့ "အဆိုအမိန့်ထုံးနှလုံးမူ" အစီအစဉ်မှာတော့ ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အကြောင်း၊ သူတို့ရဲ့ စံနမူနာယူထိုက်တဲ့ မှတ်သားစရာ ဂန္တဝင်အဆိုအမိန့်တွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ့်ဘဝကို ချီးမွမ်းဂုဏ်ပြုလေလေ၊ ကိုယ့်ဘဝမှာ ဂုဏ်ပြုစရာကိစ္စတွေ ပိုများလေလေပါပဲ – အော်ပရာ ဝင်းဖရေး
မီဒီယာနယ်ပယ်ပိုင်းမှာရော၊ စာပေလောကမှာပါ မသိသူမရှိလောက်အောင် ကျော်ကြားထင်ရှားတဲ့သူတွေထဲမှာ ရုပ်သံအစီအစဉ်တွေရဲ့ ဘုရင်မအဖြစ်သတ်မှတ်ခံထားရတဲ့ အော်ပရာဝင်းဖရေးက မပါမဖြစ်ပါပဲ။ သူမဟာ အစီအစဉ်တင်ဆက်သူအဖြစ်နဲ့သာမက ရုပ်ရှင်ထုတ်လုပ်သူ၊ စာရေးဆရာမ ၊ သရုပ်ဆောင်နဲ့ ပရဟိတသမား အဖြစ်နဲ့ပါ ကျင်လည်လှုပ်ရှားလျက်ရှိတဲ့သူဖြစ်ပြီး ဩဇာတိက္ကမအကြီးမားဆုံးအမျိုးသမီးတစ်ဦး အနေနဲ့လည်း သတ်မှတ်ခံထားရပါတယ်။ လက်ရှိအချိန်မှာ သူမရဲ့ ချမ်းသာကြွယ်၀မှုအတိုင်းအတာက ဘီလီယံနဲ့ချီပြီး ရှိနေတယ်ဆိုပေမဲ့ ငယ်စဉ် ဘ၀တုန်းကတည်းက သူမဟာ အလွန်တရာကို ခက်ခဲကြမ်းတမ်းလွန်းလှတဲ့...
“မနေ့ကနေ သင်ယူပါ၊ ဒီနေ့အတွက် ရှင်သန်ပါ၊ မနက်ဖြန်အတွက် မျှော်လင့်ချက်ထားပါ” – Albert Einstein
၂၀ ရာစုခေတ်ရဲ့ ဉာဏ်ပညာအကြီးမားဆုံးသူအဖြစ် သတ်မှတ်ခံထားရတဲ့ အိုင်းစတိုင်းဟာ ငယ်စဉ်က တစ်ယောက်တည်း တွေးနေ၊ ငေးနေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး စကားပြောတဲ့ အခါမှာလည်း အလွန်နှေးကွေးလွန်းတာကြောင့် ဝါကျတစ်ကြောင်းတောင် ဆုံးအောင်ပြောဖို့အတွက် အခက်အခဲရှိခဲ့သူပါ။ မူလတန်းအရွယ်ကို စတင်တက်ရောက်တဲ့ အချိန်မှာလည်း ဉာဏ်ရည်ထုံထိုင်းတဲ့ ကလေးတစ်ယောက်အဖြစ် ဆရာမတွေရဲ့ မှတ်ချက်ပေးခြင်းကိုခံခဲ့ရပါတယ်။
ကိုယ့်ဘဝအတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်ချမှတ်လိုက်နာပါ– J.K. Rowling
ခေတ်အဆက်ဆက် ပေါ်ပေါက်လာခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေဟာ သူတို့တွေ့ကြုံလာကြတဲ့ အတွေ့အကြုံကို မှတ်သားစရာအဆိုအမိန့်အဖြစ် ချန်ထားခဲ့လေ့ရှိပါတယ်။